BBC News, မြန်မာ - ပင်မစာမျက်နှာ
ထိပ်တန်း သတင်းများ
အာဏာသိမ်း ၅ နှစ်၊ အာဆီယံဗဟိုပြုမြန်မာ့အရေးဖြေရှင်းရေးမူနဲ့ နိုင်ငံတကာ
မြန်မာက စစ်အာဏာသိမ်းမှု ၅ နှစ်ပြည့် နှစ်ပတ်လည်အတွက် ဥရောပသမဂ္ဂ၊ သြစတြေးလျ၊ ကနေဒါစတဲ့နိုင်ငံတွေရဲ့ထုတ်ပြန်ချက်မှာ တူညီစွာပါနေတဲ့အချက်က “အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကိုဆက်ထောက်ခံနေဆဲ” ဆိုတဲ့ ဖော်ပြချက်ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၁ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ် - ‘‘ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေတဲ့မြန်မာလူထုနဲ့အတူရပ်တည်နေပါတယ်’’ - APHR အမတ်
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ဒီနေ့ဆို ၅ နှစ်ပြည့်ပြီဖြစ်တဲ့ စစ်အာဏာသိမ်းမှုကာလအတွင်း စစ်တပ်ကြောင့် ဒီမိုကရေစီရေးလှုပ်ရှားသူနဲ့ ပြည်သူ ၇,၇၀၀ ကျော် သေဆုံးခဲ့တယ်လို့ နိုင်ငံရေး အကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အချက်အလက်မှာ ဖော်ပြပါတယ်။
သန့်ရှင်းတဲ့ရေမရလို့ စစ်ဘေးရှောင်ထောင်ချီ ယားနာ ကူးစက်နေ
မကွေးတိုင်းထဲက ပေါက်မြို့နယ်က စစ်ဘေးရှောင်ထောင်ချီ ယားနာ ကူးစက်ခံနေရပါတယ်။ လသားကလေးငယ်တွေအပါအဝင် စစ်ဘေးရှောင်အရွယ်သုံးပါးလုံး ယားနာကူးစက်ခံနေရတဲ့ အခြေအနေပါ။ ဒီအခြေအနေက အညာမှာတင်မဟုတ်ဘဲ ကရင်နီ(ကယား) မှာလည်းဖြစ်နေတာပါ။
ဇန်နဝါရီ ၃၁ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ် - လာဘူဘူ ဆိုင်သစ် ခုနစ်ဆိုင် ဗြိတိန်မှာ ဖွင့်မယ်
ဂျပန်အပါအဝင် နိုင်ငံတကာက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေကို ပြန်လွှတ်ပေးပြီး နိုင်ငံရေးအရဆွေးနွေးကြဖို့ အကြိမ်ကြိမ် တိုက်တွန်းခဲ့ပေမဲ့ ဖြစ်မလာခဲ့ဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အမေရိကန်က TikTok ရဲ့ သဘောတူညီချက်တရုတ်နည်းပညာချန်ပီယံတွေအတွက်နည်းနာသစ်လား
ဒီအခြေအနေဟာ TikTok ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ ByteDance အတွက်သာမက၊ အခြား တရုတ်နည်းပညာကုမ္ပဏီများရဲ့ ကမ္ဘာလုံးဆိုင်ရာ ချဲ့ထွင်ရေး ရည်မှန်းချက်များအတွက်ပါ စိန်ခေါ်မှုတစ်ရပ် ဖြစ်နေပါတယ်။
အစိုးရသစ်ကာလအထိ ဘာကြောင့် စစ်အုပ်ချုပ်ရေးသက်တမ်းတိုးသလဲ
စစ်ကော်မရှင်ဟာ လွှတ်တော်အစည်းအဝေးတွေ ကျင်းပဖို့ ပြင်ဆင်နေပြီး တပြိုင်နက်တည်းမှာပဲ မြို့နယ်ပေါင်း ၆၃ ခုကို စစ်အုပ်ချုပ်ရေးသက်တမ်း ဆက်တိုးထားပါတယ်။
စစ်အုပ်ချုပ်ရေးအမိန့်တွေ သက်တမ်းဆက်တိုး
အရေးပေါ် အခြေအနေ ကြေညာခဲ့တဲ့ အမိန့်နဲ့ စစ်အုပ်ချုပ်ရေး အမိန့်တွေကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သက်တမ်းထပ်တိုးလိုက်တဲ့ သတင်းအပါအဝင် ဇန်နဝါရီ ၃၀ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာ့ထူးခြားသတင်းတွေကို တိုက်ရိုက်ထုတ်လွှင့် တင်ဆက်ပေးနေပါတယ်။
ဒီတကြိမ် အမေရိကန်က အီရန်ကို တိုက်ရင် ဘယ်လောက်ကွဲပြားလာမလဲ
အမေရိကန်လေယာဉ်တင်သင်္ဘောအုပ်စု ယူအက်စ်အက်စ် အေဘရာဟင် လင်ကွန်း၊ အီရန်ရေပိုင်နက်အနီးက အမေရိကန် ဗဟိုထိန်းချုပ်ကွပ်ကွဲရေးဌာနအနီးကို ရောက်လာပါပြီ။
NLD မပါတဲ့ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေး ဘယ်လိုနိုင်ခဲ့လဲ
NLD ပါတီနဲ့ လူထုထောက်ခံမှုရှိတဲ့ပါတီတချို့ ဖျက်သိမ်းခံထားရပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံနိုင်ငံရေးသမားတွေကို ဖမ်းဆီးထောင်ချထားချိန်မှာ ကျင်းပလို့ ဒီရွေးကောက်ပွဲကို ကြံ့ခိုင်ရေးကပဲ အနိုင်ရခဲ့တာလို့ ရွေးကောက်ပွဲလေ့လာ သူတွေကပြောပါတယ်။
အသက်ဆုံးတဲ့အထိဖြစ်လာတဲ့ ကျောင်းတွင်းအနိုင်ကျင့်မှုနဲ့ ရန်ပွဲတွေ
ကျောင်းတွင်းရန်ဖြစ်မှုကနေ အသက်ဆုံးရတဲ့ ဖြစ်စဥ်က မကြာခဏတွေ့လာရတဲ့ အခြေခံပညာအဆင့် ကျောင်းတွင်းရန်ပွဲတွေ၊ အနိုင်ကျင့်မှုတွေဖြစ်စဥ်တွေရဲ့ အန္တရာယ်နဲ့ အကျိုးအပြစ်ကို မီးမောင်းထိုးပြလာတယ်လို့ ရွှေပြည်သာမြို့နယ်က အငြိမ်းစားကျောင်းအုပ်တစ်ဦးက မှတ်ချက်ပြုပါတယ်။
စစ်ခေါင်းဆောင်ခေါင်းခဲရတဲ့ ပြည်ထဲရေး
ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နေရာကို ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်ရောက်လာပြီး အာဏာသိမ်းထားတဲ့ ငါးနှစ်အတွင်းမှာ ပြည်ထဲရေးဝန်ကြီးလေးယောက်အထိ အပြောင်းအလဲ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။
ကိုးကန့်ဒေသက မြီအိမ်မိသားစုဝင်တွေအပါအဝင် ၁၁ ဦးကို တရုတ် သေဒဏ်ပေး
ရှမ်းမြောက်၊ ကိုးကန့်ဒေသရဲ့အချမ်းသာဆုံးမိသားစုလေးခုထဲက မြီ မိသားစုေဝင် ၂ ဦး အပါအဝင် လူပေါင်း ၁၁ ဦးကို သေဒဏ်ပေးလိုက်ပြီလို့ တရုတ်ထုတ်ပြောတဲ့သတင်းအပါအဝင် ဇန်နဝါရီ ၂၉ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းက ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာ ဖြစ်ပါတယ်။
ဒေတာ ချွေတာချင်ပါသလား။
ဘီဘီစီမြန်မာပိုင်းသတင်းကို ဒေတာကုန်ကျမှု နည်းပါးသည့် ပုံဖြင့်ကြည့်ရန်
၂၀၂၅ မြန်မာရွေးကောက်ပွဲ
စစ်ခေါင်းဆောင်ဆီ စာပို့ပြီး ကြိုတင်မဲကိစ္စကို ပါတီတွေ မေးခွန်းထုတ်
စစ်တပ်ဦးဆောင်တဲ့ ရွေးကောက်ပွဲ အပိုင်း ၁ အပြီးမှာတော့ ကြိုတင်မဲပွင့်လင်းမြင်သာမှုနဲ့ ပတ် သက်လို့ မေးခွန်းထုတ်လာကြပါတယ်။
သမ္မတရွေးပွဲမှာ ဘယ်လိုအားပြိုင်မှုတွေရှိလာနိုင်မလဲ
ပြည်သူ့လွှတ်တော်က တင်တဲ့ သမ္မတလောင်းနဲ့ တပ်မတော်သားအစုအဖွဲ့ကတင်မယ့် သမ္မတလောင်းနှစ်ဦးမှာ ဘယ်သူသမ္မတဖြစ်လာနိုင်မလဲ။ပြည်သူ့လွှတ်တော်မှာသမ္မတလောင်းနေရာအတွက် စောင့်ကြည့်ရမယ့်သူနှစ်ဦးရှိပြီး ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးခင်ရီနဲ့ စစ်ကော်မရှင်ရဲ့ဝန်ကြီးချုပ် ဦးညိုစော ဖြစ်ပါတယ်။
၂၀၂၅ စစ်တပ်ရွေးကောက်ပွဲ - ကနဦးရလဒ်မဲဆန္ဒနယ်ပြမြေပုံညွှန်း
၂၀၂၅ စစ်တပ်ရွေးကောက်ပွဲရဲ့ ကနဦးရလဒ်များကို ကြည့်နိုင်တဲ့ မြေပုံညွှန်းဖြစ်ပါတယ်။ အခုမြေပုံညွှန်းပါ ရလဒ်များဟာ ကနဦးရလဒ်များသာဖြစ်ပါတယ်။ မြေပုံကို ထောက်ရုံနဲ့ မြို့နယ်အလိုက် အနိုင်ရပါတီကို ကြည့်ရှုနိုင်ပါတယ်။
ပြည်တွင်းစစ်နောက်ခံနဲ့ ဗိုလ်ချုပ်ကြီးတွေရဲ့ ရွေးကောက်ပွဲ
ပြည်တွင်းစစ်နောက်ခံနဲ့ ကျင်းပတဲ့ မြန်မာရွေးကောက်ပွဲရဲ့ ကန့်လန့်ကာအဖွင့်ဟာ ဗုံးသံ၊ လက်နက်သံတချို့နဲ့ စတင်ပါတယ်။
၂၀၂၅ ရွေးကောက်ပွဲ - မကျင်းပနိုင်မယ့်နေရာ စံချိန်တင်
နေပြည်တော်နဲ့ ရန်ကုန် ကလွဲလို့ ရွေးကောက်ပွဲအပြည့်အဝလုပ်လို့ရတဲ့ ပြည်နယ်နဲ့တိုင်း တစ်ခုမှမရှိတာ တွေ့ရပြီး ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေတုန်းက မကြုံဖူးခဲ့တဲ့အခြေအနေ ဖြစ်ပါတယ်။
ရွေးကောက်ပွဲအပေါ် ကုလ လူ့အခွင့်အရေး အထူးသံ ဘယ်လိုမြင်လဲ
စစ်တပ်က လုပ်တဲ့ ရွေးကောက်ပွဲဟာ မြန်မာ့အကျပ်အတည်းကို ငြိမ်းချမ်းနဲ့နည်းနဲ့ အဖြေရှာတာမျိုးလား
ဒေါ်အောင်ဆန်းစုကြည်မပါတဲ့ ရွေးကောက်ပွဲ
အမေ(ဒေါ်အောင်ဆန်းစုကြည်) က လူကောင်း၊ သူတော်ကောင်းတစ်ယောက်မို့ အမေ သက်ရှိထင်ရှားရှိနေသေးတယ်ဆိုတဲ့ ပြောပြလို့မရနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာသေချာယုံကြည်မှု ရှိနေပါတယ်
မြန်မာရွေးကောက်ပွဲ - စစ်ဗိုလ်ချုပ်တွေနဲ့ တော်လှန်သူတွေကြားက မန္တလေး
နန်းမြို့ရိုးနောက်ခံနဲ့ စစ်သားတွေမဲထွက်ပေးကြတဲ့ ပုံရိပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲရဲ့ အထင်ကရပုံရိပ်တွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ ရှေ့ဆင့်နောက်ဆင့်လုပ်တဲ့ရွေးကောက်ပွဲနှစ်ခုဟာ အာဏာသိမ်းမှုကြောင့် အရာရာ ခြားနားသွားခဲ့ပါပြီ။
မြန်မာနိုင်ငံသား သန်းနဲ့ချီရှိတဲ့ထိုင်းမှာ ကြိုတင်မဲပေးသူ ရာဂဏန်းသာရှိ
ထိုင်းမှာရှိနေတဲ့ မြန်မာလူဦးရေ သန်းချီနဲ့ မဲပေးသူ အရေအတွက် ရာဂဏန်းပမာဏကို နှိုင်းယှဥ်ကြည့်ရင် ထိုင်းရောက် မြန်မာအများစုကြားမှာစစ်တပ်ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုနည်းပါးနေတာ မြင်သာပါတယ်။
ဗီဒီယို, ရွေးကောက်ပွဲ ဝင်မယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ သဘောထားနဲ့ စိုးရိမ်မှု, ကြာမြင့်ချိန် 3,31
တော်လှန်ရေးတပ်တွေနဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်သူ တွေက စစ်တပ်ရွေးကောက်ပွဲကို မပူးပေါင်း မပါဝင်ဖို့ သတိပေးတာတွေဆက်တိုက် လုပ်နေပါတယ်။
"ကျောင်းက ဆရာမတိုင်း စိတ်ပူ သောကရောက်နေကြတယ်"
စစ်တပ်ဦးဆောင်တဲ့ ရွေးကောက်ပွဲနီးလာလေ စိုးရိမ်သောကရောက်ရသူတွေ အများအပြားရှိနေပါတယ်။ အဲဒီထဲ မဲရုံစောင့်ကြမယ့် ပညာရေးဝန်ထမ်းတွေနဲ့ မဲပေးမယ့်မဲဆန္ဒရှင်အချို့လည်း ပါဝင်နေပါတယ်။
ရွေးကောက်ပွဲကြေညာစာတမ်းထဲက စစ်မှုထမ်းဥပဒေ
ပါတီအများစုရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းတွေထဲမှာ တိုင်းပြည်ရဲ့ လူငယ်လူရွယ်ထုကြီး ပြည်ပကို ထွက်ခွာခဲ့ရတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်းကို ဖော်ပြထားတာမရှိသလောက် ဖြစ်ပါတယ်။
အထူးစာမျက်နှာ
ဘီဘီစီမြန်မာပိုင်းရဲ့ သတင်းတွေကို တယ်လီဂရမ်မှာလည်း ဝင်ကြည့်နိုင်ပါပြီ။
မြန်မာနဲ့နိုင်ငံတကာ ထိပ်တန်းသတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ တယ်လီဂရမ်ချန်နယ်ကနေ တင်ဆက်ပေးနေပါတယ်။
နားဆင်ကြည့်ရှုရန်
ဗီဒီယို, ဘီဘီစီ မြန်မာတီဗီ အစီအစဉ်
နောက်ဆုံးရ နိုင်ငံတကာ နဲ့ အားကစားသတင်းများ
ညပိုင်းအစီအစဉ်
သတင်းနှင့်ကမ္ဘာ့မျက်မှောက်ရေးရာ
ဆောင်းပါး
စလင်းနဲ့ ဆင်ဖြူကျွန်းကို ဘာကြောင့် ဦးတည်ထိုးစစ်ဆင်တာလဲ
စလင်းနဲ့ ဆင်ဖြူကျွန်းမြို့အပါအဝင် ဧရာဝတီမြစ်အနောက်ခြမ်း ဖြစ်တဲ့ မကွေးတိုင်းအထက်ပိုင်းကို NUG ထိုးစစ်ဆင်တာနဲ့ ပတ်သက်လို့ MDSI ရဲ့ စစ်ဘေးရေးရာတာဝန်ခံ ကိုနောင်ရိုးက" စစ်တပ် ရဲ့ အခြေပြု အင်အားတွေ အားနည်းတဲ့ဒေသကို အချိန်ကိုက်စစ်ရေး ဖော်ဆောင်တာ" လို့ သုံးသပ်ပါတယ်။
စစ်တပ် ဆုကြေးထုတ်ဖမ်းခဲ့တဲ့ ကိုထက်မြတ်အောင်က ဘယ်သူလဲ
အသက် ၂၄ နှစ်အရွယ် မန္တလေးသပိတ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုထက်မြတ်အောင်ဟာဖမ်းဆီးခံရတာ ၁၀ ရက်ကျော်လာပြီဖြစ်ပေမဲ့ သူနဲ့ ပတ်သက်လို့ မြန်မာစစ်ကော်မရှင်ဘက်ကတစုံတရာ သတင်းထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။
CDM ဆရာမနဲ့ ခင်ပွန်း သတ်ဖြတ်ခံရမှု - CDM တွေ အကာအကွယ်မဲ့နေမှုဖြစ်ရပ်
အသက် ၅၂ နှစ်အရွယ် CDM ဆရာမ ဒေါ်အေသီအောင်နဲ့ ခင်ပွန်းဖြစ်သူ အသက် ၄၂ နှစ်အရွယ် ဦး ပြည့်ဖြိုးနိုင်တို့ နေအိမ်တွင်းသတ်ခံရမှုဟာ တော်လှန်ရေးထိန်းချုပ်နယ်မြေမှာ ပြည်သူ့ ဝန်ဆောင် မှုလုပ်ငန်းတွေ လုပ်ပေးနေကြတဲ့ CDM အသိုင်းအဝိုင်းအတွက် ထိတ်လန့်စရာ သတင်း ဖြစ်ပါ တယ်။
စဉ့်ကူးကို စစ်တပ်ပြန်ထိန်းချုပ်မှုနဲ့ စစ်ကိုင်းဒေသအပေါ် သက်ရောက်မှု
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်ထဲက ဝက်လက်၊ ခင်ဦးနဲ့ ရွှေဘိုမြို့နယ်တွေကိုလည်း စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲသလို မြစ်အနောက်ခြမ်းမြစ်ကမ်းဘေးတကြောနဲ့ အမှတ် ၃ ခရိုင်ချင်းဆက်လမ်းကိုပါ တပြိုင်နက်စစ်ကြောင်းထိုးနေပါတယ်။
စင်္ကာပူထက်ကျယ်တဲ့မြန်မာ့မြေရှားလုပ်ကွက်တွေ အိန္ဒိယ စိတ်ဝင်စားနေလား
တရုတ်ရဲ့ ကမ္ဘာကို မြေရှားတင်ပို့မှု တင်းကျပ်ပြီးတဲ့နောက်မှာ မြေရှားအကျပ်ဆိုက်လာတဲ့ အိန္ဒိယ က အရင်းအမြစ်အသစ်တွေကို ရှာဖွေလာပါတယ်။ အိန္ဒိယနိုင်ငံပိုင် ကုမ္ပဏီတွေ ကချင်ပြည်နယ်အထိ ရောက်လာပြီး မြန်မာမြေရှားစံနမူနာတွေ လာယူခဲ့ရတဲ့အထိပါ။ အိန္ဒိယက မြန်မာမြေရှားကို စိတ်ဝင်စားနေတာလား။ အိန္ဒိယက မြန်မာမြေရှားယူဖို့ ဆိုရင်ရော ဖြစ်နိုင်ပါ့မလား။






































































